Sunday, May 15, 2011


















သွားတော့မှာလား..
သင်္ကေတတွေ မလိုပါဘူး..။

နေခဲ့မှာလား..
နှုတ်ဆိတ်မှ ထောင်တန်
ဟန်ဆောင် ၀မ်းနည်းရမှာ မလိုချင်လို့..။

ထိုသို့ဖြင့်
မနီးမဝေး အရပ်မှာ
နှစ်ဦးသား ဝေးသွားကြလေသတည်း..။
~~~~~~~~~~
ရည်ညွှန်း..။
သံသရာ အဦးအစကတည်းက မနီးခဲ့ကြသူများသို့...

(မောနေယျ)

3 comments:

ဝေလီဝေလင်းအိပ်မက် said...

သံသရာ အစကတည်းက မနီးခဲ့ကြသတဲ့လား
ဘုရား..။ ကဗျာလေးဖတ်ရတာနဲ့တင် ဝေးတယ်

ကိုမျိုး said...

တစ်နေရာရာကို ဆက်လက်ထွက်ခွာတော့မယ့်သဘောထင်ပါ့

Anonymous said...


အစဉ်ထာဝရကြီး နေချင်သောငါးများ ... :)