Monday, May 2, 2011

















ငြိမ်နေတိုင်း
ငြိမ်းနေတာမှ မဟုတ်ပဲ..။
ငြိခဲ့လို့
ငြီးခဲ့ရတဲ့ ဘ၀တွေ
ပဋိစ္စသမုပ္ပါဒ်ပြန်ကြည့်ရင်
သိလိမ့်မပေါ့..။
ဒိဌိပြုတ်ဖို့ဆို
စကားလုံးတွေရဲ့ အပြင်ကို
ထွက်ဖို့လိုတယ်..။
ဟော...ပြောရင်းဆိုရင်း
(ဒီကဗျာလည်း)
စကားလုံးတွေနဲ့ ငြိပြန်ပေါ့..။

(မောနေယျ)

2 comments:

သူကြီးမင်း (တုံးဖလား) said...

ငြိဆို တင်ထားတဲ့ ပုံကြီးကလဲ ငြိချင်စရာကြီးကိုး ဘုရား။ ဒိဋ္ဌိတော့ ပြုတ်လား မပြုတ်လား မသိ။ ဘင်လာဒင်ကြီးတော့ ပြုတ်သွားပြီ။ သာဓုခေါ်ရမလား အမျှဝေရမလား စဉ်းစားနေတာ။း)))

လေးစားလျှက်
ကိုကိုမောင်(ပန်းရနံ့)

Crystal said...

ဖြုတ်ပါတယ်ဆိုမှ ငြိတာတွေက များနေလိုက်တာ :)
ကိုယ့်ဖာသာ ကိုယ်ပြောနေတာဘုရား။