Saturday, April 23, 2011




(က)
မလိုအပ်ပဲ ခက်ခက်နေတဲ့ ဘဝ
အိပ်မပျော်သူလို
ညတာက ရှည်ရှည်ထွက်လာတယ်..။
တစ်ရေးမနိုးသေးတဲ့ မနက်ခင်းများ
ထိ,သိ,သတိ နဲ့တင် မိုးလင်းပေါင်းများပေါ့..။

(ခ)
"အဇ္ဈတ္တရဲ့ အလင်းနဲ့ပဲ
ကိုယ့်လမ်းကျဉ်းကို သီချင်းဆိုကြ..."
ရှင်တော်ဗုဒ္ဓ စကား
ဘယ်ခါများ မှားရိုး ရှိလို့လဲ....?

(ဂ)
ကိုယ့်စိတ်ကို
ကျောက်ပတ်တီးကြီး စည်းမထားစမ်းပါနဲ့..
စက္ခုံ ဥဒပါဒိ..ဉာဏံ ဥဒပါဒိ...
ရှင်ကောဏ္ဍည ရင်ထဲ ၀င်ကြည့်ရုံနဲ့ မရှင်းဘူး ငါ့ရှင်..။

(ဃ)
ဘယ်သူမှ မခူးလည်း နေပစေ
ဖရိုဖရဲတော့ ပွင့်မသွားပါရစေနဲ့..။
အမတ ဆိုတာ အလေ့ကျပေါက်တဲ့ ပန်းမှ မဟုတ်ပဲလေ..။

(မောနေယျ)
၂၃.၄.၂၀၁၁

ခက်ဆစ်..။
ရှင်ကောဏ္ဍည= ပဉ္စ၀ဂ္ဂီငါးဦးအသင်းဝင်
အမတ=ကိလေသာ အဆိပ်ဖြေဆေး


3 comments:

သူကြီးမင်း (တုံးဖလား) said...

ထိ သိ သတိနဲ့ မိုးလင်းတယ်ဆိုတော့ အိပ်ရေး ကောင်းကောင်း မ၀မဲ့ပုံဘဲ။း))))
ဟုတ်တယ်။ အဲဒီပန်းကြီး ဖရိုဖရဲကြီး ပွင့်တာတော့ မကောင်းပါဘူး။ တော်ကြာ ပြုစုပျိုးထောင်သူတွေ တံချူနဲ့ အချူခက်နေမှာ စိုးရိမ်ရတယ်။

လက်သံပြောင်ပါလေ့ဘုရား။။

လေးစားလျက်
ကိုကိုမောင်(ပန်းရနံ့)

သဒ္ဓါလှိုင်း said...

အရှင်ဘုရား
အဇ္ဈတ္တလမ်းကျဉ်း ဆိုတာလေးကို ဖတ်ပြီး
မိမိရဲ့ အဇ္ဈတ္တထဲမှာ ဘယ်လိုအလင်းရောင်လေးများ
ရှိနေလေမလဲလို့ သတိတွေပွားနေမိပါတယ်.။
သတိတရား အသိတရားလေးများရစေတဲ့ စာတွေကို
ကျန်းမာချမ်းသာစွာနဲ့ ရေးသားဖို့ မျှော်လင့်မိပါတယ်ဘုရား။
ရိုသေလေးစားလျက်
သဒ္ဓါ

Lin said...


ကြားယောင်နေမိပါ့ ဘုရား …