Wednesday, April 20, 2011

(က)
ကျောရရုံ ကြံသွားတဲ့
သမုဒယ ကိုအ၀ှာ
အမေ တရားရတဲ့အခါ
အာနာပါန ဂျန်းရှင်းမှာ ပြန်ဆုံမယ်..။


(ခ)
မျောက်စေးနှဲလို အစွဲအလန်းက
ငါ့မြင်း ငါစိုင်းတဲ့အခါ
ဒုက္ခသစ္စာက သပြေတစ်ခက်နဲ့ ကြို
ဟော...ဟိုက အမေအိုရေ...
သားတို့ ဒဏ်ရာဟာ
ရှပ်ထိ ထိလာတာ သေချာပါရဲ့လား...။

(ဂ)
လူစည်တဲ့နေရာတွေမှာ
ဝိမုတ္တိဆိုတာ ချချ ရောင်းနေသတဲ့
ဖောဖောသီသီ အိပ်မက်များ
ဝင်သက် ထွက်သက်ခဏမှာတင် လန့်နိုး
အမှန်တရားက အမှန်တရားကို အရေးဆိုကြကုန်ပြီ..။

(မောနေယျ)

3 comments:

သူကြီးမင်း (တုံးဖလား) said...

အရှင်ဘုရား..
အာနာပါန ဂျန်းရှင်းက ဂျန်းရှင်းအိတ်နဲ့ နီးလား မသိဘူး။ ကြုံကြိုက်ရင် စီးတီးမာခ် ၀င်ရင် ကောင်းမလားလို့။း)))

ခင်လို့ စသွားသည်။

လေးစားလျက်
ကိုကိုမောင်(ပန်းရနံ့)

မေသိမ့်သိမ့် ကျော် said...

အင်းးးးး အမှန်တရားက အမှန်တရားကို အရေးဆိုတဲ့ အခါ အမှန်တရားက အမှန်တရားကိုသာ ချပြသွားမှာလို့ထင်ရဲ့။ တပည့်တော် ဒီကဗျာလေးကိုလည်း နှစ်သက်မိပါတယ်ဘုရား။

ခင်မင်လေးစားလျက်
မေသိမ့်သိမ့်ကျော်

ဒီကိုလည်း လာလည်ပါဘုရား။ ပို့စ်တွေ လာတင်ပေးပါဦးလို့လည်း ဖိတ်ပါတယ်ဘုရား။
www.moba4all.org

Lin said...

အာနာပါန ဂျန်းရှင်းမှာ အားနာပါးနာ ... :)