Monday, July 15, 2019


သံသရာအခွံကြီးထဲ
လူတွေကို ထည့်ထားရတာ လုံခြုံပါရဲ့လား
သစ္စာတရားအကြောင်း
မနေ့ကပဲ တဖွဖွပြောမိသေး။
မှောင်ရိပ်ကျနေတဲ့ခြံကလေးထဲက
ပုဇဉ်းရင်ကွဲတစ်ကောင်ရဲ့ ဇာတ်လမ်းများ....
ပုရေဇာတပစ္စယောထဲက
ခဏခဏ ချောင်းကြည့်မိတဲ့ တိုင်းမ်လိုင်းများ...
ဘယ်မှာလဲ ဝေနေယျတွေ...။
ဘယ်မှာလဲ အသင်္ချေအနန္တမေတ္တာတရားတွေ..။
ဟိုး....အဝေးက
နိဗ္ဗာန်ဈေးကလေးရဲ့ တရားသံ
ဖူဂျီတောင်ထိပ်က ကြားရသလိုလို။

4 comments:

Buddha Dhamma said...
This comment has been removed by the author.
Buddha Dhamma said...

အစဉ်အလာမပျက်လှနေမြဲပါဘုရား _/\_ _/\_ _/\_

Han said...

ကဗျာလေးတွေဆက်ဖတ်ခွင့်ရနေတဲ့အတွက်ကျေးဇူးပါဘုရား _/\_ _/\_ _/\_

Buddha Dhamma said...

မောနေယျလိပ်ပြာ !