Sunday, July 1, 2018


စားစရာရှိမှ ပိုငတ်လာတဲ့ခေတ်မှာ 
ဘုရားဟာ လူဖြစ်လာတယ်
ငါတို့လူလားမြောက်တော့ ဘုရားမရှိတော့ဘူး။
ခုနေ ဘုရားတစ်ပါးပါး online တက်လာရင်သိပ်ကောင်းမှာ
ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်နဲ့ သူ့အကြား မရှင်းတာလေးတစ်ခုရှိတယ်
………………
“မင်းသားတို့...ထိုအမျိုးသမီးကို ရှာတာမြတ်သလော
ကိုယ့်ကိုယ်ကို ရှာတာ မြတ်သလော”
………………………..
မှတ်ပုံတင်မရှိတဲ့လူဟာ ကိုယ့်ကိုယ်ကိုရှာခွင့်ရှိပါသလားအရှင်..။
ဘုရားမရှိတော့တဲ့ မိုးတစိမ့်စိမ့်ည
သံသယတွေ ပေနှစ်သောင်းအမြင့်မရောက်ခင်
ပျံသန်းခဲ့လိုက်ရမှာ...။
ရှင်မားရု
၂၀၁၈၀၆၀၂

7 comments:

Han said...

နှစ်သက်မိပါ၏ဘုရား ...။
သံသယတွေထားပြီး သံဝေဂများနှင့် ကိုယ့်ကိုယ်ကို သာရှာနေမိပါ၏ ဘုရား ...
_/\_ _/\_ _/\_

Buddha Dhamma said...

ဘောလုံးသမားလေး၁၂ယောက်နဲ့သူတို့ရဲ့နည်းပြတို့ ထိုင်းနိုင်ငံထန်လျန်းဂူထဲမှာပိတ်မိနေခဲ့တဲ့အချိန်မှာ
ကိုယ့်ကိုယ်ကိုရှာခဲ့ကြတဲ့အကြောင်းကြောင့် နောက်ထပ်ရှာနိုင်ခွင့်တွေရကြမှာကတော့
အားလုံးအတွက် အရေးကြီးတဲ့သာဓကပါဘုရား ...
_/\_ _/\_ _/\_

Unknown said...

ရှာလို့ တွေ့သွားလား Han ...

Han said...

လေ့ကျင့်နေပါတယ် အစ်မ။
ကျေးဇူးပါ _/\_ _/\_ _/\_

Han said...

နေ့စဉ်ပုံမှန်တရားထိုင်ပြီး ကိုယ့်ကိုကိုယ်ရှာဖြစ်ပါတယ်။
ကုသိုလ်တရားတွေ ပိုပြီးတိုးပွားအောင် ကြိုးစားနေပါတယ်။
_/\_

Han said...

နေ့စဉ်ပုံမှန်တရားထိုင်ပြီး ကိုယ့်ကိုယ်ကိုရှာဖြစ်ပါတယ်။
ကုသိုလ်တရားတွေ ပိုပြီးတိုးပွားအောင် ကြိုးစားနေပါတယ်။
_/\_ _/\_ _/\_

Unknown said...

သာဓု သာဓု သာဓု

ဆာတိုးရီ အမြန်ရပါစေ