Saturday, August 19, 2017

ဘယ်တော့ပြန်လာမှာလဲမေးကြတယ်
လက်မှတ်ဈေးကျချိန်လို့ နောက်တော့ မရယ်ကြဘူး
ခက်တာက
လေယာဉ်ပေါ်ရောက်ရင် ဖောက်ပြန်တဲ့စိတ်ပဲ
တိမ်တိုက်ကြားထဲတိုးဝင်ပျောက်ကွယ်သွားတဲ့တောင်ပံတွေတစ်စစီဖြစ်
ပင်လယ်ပြာထဲထိုးကျသွားစေချင်တာ စိတ်ရောဂါလား
*စိတ်ထဲက နာတဲ့အတိုင်း ငိုနေခွင့်ရတာမျိုးက ကောင်းတာပေါ့
လူဆိုတာကတော့ အခုပြန်တွေးရင်အခုမျက်ရည်ကျလို့ရတဲ့ အထိအရှကိုယ်စီရှိကြတာပဲ*
ပုဂ္ဂိုလ်သတ္တဝါသူငါမှာလဲ ဘုရားရှိခိုးအမျိုးမျိုးနဲ့မဟုတ်လား
ဆုသာတောင်းနေရတယ်
သူတော်စင်တောင် စပွန်ဇာရှိမှဖြစ်တဲ့ခေတ်မှာ
စိတ်ကူးယဉ်တာက ရုပ်ရှင်ထဲမှာပဲကောင်းတယ်
ဘဝမှာပိုင်ဆိုင်တာဆိုလို့ သေခြင်းတရားပဲကျန်တယ်
"ဘယ်ဘုရားမှ တရားမရှိ "လို့
မသေခင်လေး ပြောသွားချင်ရုံပါ။
ရှင်မားရု
၁၈၀၈၂၀၁၇
* ခရေပွင့်စာသား * ပြည့်စုံဝင်း

2 comments:

Unknown said...


အစစ အဆင်ပြေပါစေ ဘုရား၊

Han said...

“ဘဝမှာပိုင်ဆိုင်တာဆိုလို့ သေခြင်းတရားပဲကျန်တယ်”
_/\_ _/\_ _/\_