(က)
စိတ်အပေါက်ကြီးနဲ့
အာရုံတွေ
လိုက်ကောက်နေမှတော့
လွတ်မြောက်ခြင်းတို့ ထွက်ကျပြီပေါ့
ဒါ ...ဆန်းသလား
(ခ)
ကတ်သီးကတ်သတ်ကွယ်
ဘုရားသခင်က
ဝိစိကိစ္ဆာ များသတဲ့လား
စိတ်ကူးနဲ့ မေးလိုက်တဲ့ပုစ္ဆာ
မျှော်လင့်ချက်တစ်ချို့ ပါသွားတယ်
(ဂ)
ဝဋ်နာကံနာလေးပါ
သံသယတွေနဲ့ယား
ကိုယ့်ဒဏ်ရာ
ကိုယ်ပြန်လျက်တဲ့ အဖြစ်မျိုးက
လွတ်ပါရစေတော့ ဘုရား။
(ရှင်မားရု)
Posted by
ရှင်မားရု
Monday, June 2, 2014
2 comments:
သေချာတယ်နော် ဘုရား … ?
:P
ကျေးဇူးပါဘုရား ။
အစဉ်လေးစားကြည်ညိုလျက်
_/\_ _/\_ _/\_
Post a Comment