Monday, June 27, 2016

ကမ္ဘာဟာ ဝေဒနာကို ဗဟိုပြုလည်နေသရွေ့
တိတ်တိတ်ကလေး ငိုခြင်းဟာလည်း
ပျော်ရွှင်မှုပဲ။
တဒုတ်ဒုတ်မြည်နေတဲ့နှလုံးခုန်သံတောင်
အလာ့ဂျစ်ဖြစ်လွန်းလို့
တိုးတိုးသက်သာ ရယ်မောပါလား။
လက်ဖျားထိပ်ကလေးတွေ
ကိုင်းညွှတ်ကျလာတဲ့အခါ
မိုးလေဝသမှာ
သံသရာကြတ်ကြောင်း ကြေငြာပါရစေ။
ရှင်မားရု
၀၇၀၆၂၀၁၆

1 comments:

Han said...

ကြတ်လည်း ခဏတာပါ ဘုရား …။
ဘယ်လောက်ကြတ်ကြတ် ဆာတိုးရီ ရှိတယ် ။
:)