ပန်းချီကား
-------
ရေလောင်းလိုက်
ပျိုးထောင်လိုက်မို့
ဥပါဒါန်ပန်းများ ငွားငွားစွင့်
ဦးရာလူ ခူးဆွတ်ကြစေကွယ်...။
စိတ်ထင်ရာ ဆေးစက်တွေနဲ့
ကားချပ်ကို ကြဲပက်မှတော့
စုတ်တံမှာ မျက်ရည်စတွေနဲ့ရယ်
သူဟာ တိမ်ပန်းချီဆရာသက်သက် ..။
မနေသာတဲ့အဆုံး
နံရံတံခါးဝမှာ
ဆိုင်းဘုတ်လေး ချိပ်ထားလိုက်တယ်
"သတိ...
ဥပါဒါန်စစ်စစ် ရောင်းရန်ရှိသည်"
(ရှင်မားရု)
၀၇၀၂၂၀၁၄
Posted by
ရှင်မားရု
Friday, February 7, 2014
3 comments:
MASTERPIECE !
သူများမဦးခင် ပန်းချီကားကိုဝယ်ပြီး
ပန်းချီဆရာကိုလက်ဆောင်ပြန်ပေးချင်တယ် ဘုရာ့
:)
သံဝေဂကဗျာလေး ဖတ်ရှု့သွားခဲ့ပါတယ် ဦးဇင်း
Post a Comment