Wednesday, December 25, 2013

(က)
ဘုရားမကြိုက်ပေမယ့်
“ငါကြိုက်တယ်ကွ” တွေနဲ့
နေဝင်ချိန်တွေ စောနေလိုက်တာ
အဲဒီ..
ဖြတ်ညှပ်ကပ် နဂ္ဂတစ်တွေမှာ
မင်းရော ငါပါ 
သရုပ်ဆောင်တွေဗျ..။

(ခ)
ပြုစားတာလဲ ပြုစားပေါ့
ကျီစားတာလဲ ကျီစားပေါ့
ဘဒ္ဒကမ္ဘာမှာ နေသူအချင်းချင်း
အတင်းကြီးတော့
အုတ်အော်သောင်းနင်း မလုပ်ကြနဲ့ 
ကွယ်တို့….။

(ဂ)
ဒီဆောင်းက ပိုအေးတယ်
ဖွယ်တယ်တယ် အကြောင်းပြချက်တွေနဲ့
ဒုက္ခထူထူ ခြုံမှတော့
ဒီသွေးက နွေးမလာတာ မဆန်း
ငါတို့ မှန်းထားတဲ့ စခန်းကိုက လွဲပြီးရင်း လွဲ…။

(ရှင်မားရု)
၂၅၁၂၂၀၁၃ 

2 comments:

ထရီဆာ (Teresa) said...

ဦးဇင်းရေ..တပည့်တော်လဲ ဒီဆောင်းက ပိုအေးပါတယ် လို့ ခံစားမိရပါတယ် ဘုရား။

Mg Han said...

ဘုရားမကြိုက်တာတွေ သိစ ကထဲက
တိတ်တိတ်လေးဘဲနေနေပါတယ် ဘုရား
:)