သောကြာထောင့်
=========
ရှင်ကွဲဆိုတာကို
ဘုရားမှာ စာလုံးပေါင်းမိ
"အရှင်ဘုရား
တပည့်တော်တို့သည်"
မိုးမလုံ လေမလုံ
ဝါကျတစ်ကြောင်းပါ
ရေစိမ်ခံ ဆိုပေမယ့်
မွန်းတယ်
တူရိယာတစ်စင်းလို လှမ်းလာတာ
သုမိတ္တာ ခြေသံလေး ထင်ပါ့
လက်ထဲက ကြာငါးပွင့်က
ချိန်းဆိုထားတဲ့ ကတိကဝတ်လား
လိပ်စာအတိအကျမရှိသော
ကျကွဲသံလေး
နာနာဘာဝမှ
လွတ်ပါစေလေ။
(ရှင်မားရု)
၂၅၁၀၂၀၁၃
=========
ရှင်ကွဲဆိုတာကို
ဘုရားမှာ စာလုံးပေါင်းမိ
"အရှင်ဘုရား
တပည့်တော်တို့သည
မိုးမလုံ လေမလုံ
ဝါကျတစ်ကြောင်းပ
ရေစိမ်ခံ ဆိုပေမယ့်
မွန်းတယ်
တူရိယာတစ်စင်းလိ
သုမိတ္တာ ခြေသံလေး ထင်ပါ့
လက်ထဲက ကြာငါးပွင့်က
ချိန်းဆိုထားတဲ့
လိပ်စာအတိအကျမရှ
ကျကွဲသံလေး
နာနာဘာဝမှ
လွတ်ပါစေလေ။
(ရှင်မားရု)
၂၅၁၀၂၀၁၃
3 comments:
လွတ်ချင်၊ မလွတ်ချင်မှန်း မသိ ... :P
what happen in Friday Corner ...
တပည့်တော် အရှင်ဘုရားရဲ့ ကဗျာစာအုပ်လေးကို ဝယ်ယူထားပါပြီ ဘုရား။ တစ်အုပ်လုံးကိုလည်း ခံစားဖတ်ရှုပြီးပါပြီ။ လက်ကမချချင်လောက်အောင် နှစ်သက်မိရပါတယ်။ စင်္ကာပူမှာ ပွဲစီစဉ်တုန်းက သိခဲ့ရင် အရောက်လာခဲ့မိမှာပါ။ ဘာပဲဖြစ်ဖြစ် အခုတော့ လက်မှတ်လေး ထိုးထားတဲ့ ကဗျာစာအုပ်လေးကို လက်ဝယ်ပိုင်ဆိုင်ရရှိထားပြီမို့ ကျေနပ်ပါတယ် ဘုရား။
ရိုသေစွာဖြင့်
မြတ်ပန်းနွယ်
Post a Comment