Monday, December 24, 2012


ကိုယ့်စိတ်ကို
ပြန်ပြန်ဖာထေးနေရတာကိုက
မိတ်အင်ချိုင်းနား ဆန်လိုက်တာ...၊
ကြယ်ကြွေချိန်က စောလွန်းတယ်
ပြေးမကောက်မိဘူး
ဖမ်းမထားလိုက်ဘူး
တိမ်တွေ ငြင်းခုန်နေတာတွေ့တိုင်း ဝမ်းနည်းလို့..။

“လမ်းတွေလည်း အိပ်မက် မက်ချင်မှာပဲ” တဲ့
ပြောပါ
ဝတ်ကျေတန်းကျေ ဗြဟ္မစိုရ်ဆိုတာ
တစ်နေရာထဲမှာ အစုံရတဲ့ ပွဲဈေးတန်း..လို့
ကိုယ့်ကို ပြောပေးပါ…၊
ဝမ်းရေးစပ်ဖူးမှ ဝေဒနိကဒုက္ခကို နားလည်ကြေးဆိုရင်
ရွှေအိုရောင်အဘိဓမ္မာတွေနဲ့လည်း ဝေးနေအုံးမှာပဲ..။
ဖြစ်နိုင်မယ်ဆိုရင်တော့
ဖိနပ်စီးမထားတဲ့ လမ်းကလေး
အဝါရောင်နှင်းဆီပန်းတွေနဲ့ ဖွေးနေစေချင်တာပါပဲလေ..။

(မဏိဇောတာလင်္ကာရ)
မှက်ချက်။ ။ မောနေယျ ကလောင်တူ ရှိနေပါသဖြင့် ယနေ့မှစ လုံးဝ(လုံးဝ)
အသုံးမပြုတော့ပါ၊ ဒိုမိန်းနာမည်ကတော့ သက်တမ်းကုန်တဲ့အထိ ဆက်လက်ရှိနေပါလိမ့်မည်။   

5 comments:

Anonymous said...

အစုံရတဲ့ ပွဲဈေးတန်းမှာ
မိတ်အင်ချိုင်းနားတွေများတာကြောင့်
ဗြဟ္မစိုရ်နဲ့ လမ်းခွဲကာ
အဝါရောင်နှင်းဆီပန်းတွေ
ခင်းတဲ့ လမ်းဆီကို မြန်း ...။

သူကြီးမင်း (တုံးဖလား) said...

ဖိနပ်စီးမထားတဲ့ လမ်းကလေး ဆိုရင်တော့
လမ်းနဲနဲတော့ ကြမ်းလိမ့်မယ် ထင်တယ်နော့။
လမ်းရိုင်းလေးကိုး။း)

မောနေယျက လှပါတယ်။ ကလောင်တူ မတွေ့မိသေးသလိုဘဲ။ ဂူးလ်ဂဲမှာလဲ မောနေယျ အကျင့်တွေဘဲ တွေ့ရတယ်။

Anonymous said...

လမ်းတွေလည်း အိပ်မက် မက်ချင်မှာပဲ ။
ဖြစ်နိုင်မယ်ဆိုရင်တော့ ...

... said...


နာမည်မတူတာ မတွေ့ သေးလို့  comment မှာ နာမည်င်္ရေးတုန်း ဘုရား :)

Anonymous said...

နာမည်တူတာလိုက်ရှောင်နေရင်ဘာနာမည်မှပေးလို့ရမှာမဟုတ်ဘူး မင်းရဲ့အတွေးနဲ့အတွေ့ကိုတော့သူလိုက်တူနိုင်မှာမဟုတ်ပါဘူး(ကော်ပီမကူးခဲ့ရင်ပေါ့ ဒါပေမယ့်သူ့ဘာသူဘယ်လိုပဲကော်ပီကူးကူး ကောပီဟာကော်ပီပါပဲ)