Thursday, February 9, 2012

ကြိုး(၁)
အမှောင်သည် တိုးလို့တွဲလောင်းဖြင့်
ညကို ချည်နှောင်၏။

ကြိုး(၂)
သမုဒယသည် မျက်တွင်းဟောက်ပက်ဖြင့်
သာယာစရာကို ချည်နှောင်၏။

ကြိုး(၃) 
အိပ်မက်သည် လိုက်ပွဲတစ်ဝက်ဖြင့်
ဘ၀ကို ချည်နှောင်၏။

ကြိုး(၄) 
ဆဌအာရုံသည် ဖုံးကာဖိကာဖြင့်
လူလူချင်း ချည်နှောင်၏။

ကြိုး(၅) 
သံသရာသည် ကောင်းလင့်နိုးနိုးဖြင့်
(၃၁)ဘုံသားတို့အား ချည်နှောင်၏။

ကြိုး(၆) 
ငါသည် ငါ့အရိပ် ငါနင်းရင်း
ငါ့သံသရာကို ချည်နှောင်၏။

ထိုသို့ဖြင့်
လွတ်မြောက်ခြင်းတို့သည်
ငါ့အား တစ်ကိုယ်တည်း ထားခဲ့လေပြီတကား။


(မောနေယျ)

1 comments:

ကြိုးကို မုန်းချင်သူ said...

ကြိုးဆိုမှတော့ ချည်နှောင်ဖို့ အသုံးဝင်တာပ :)

တချို့ကတော့ ကိုယ်တိုင်ကြိုးတုပ်ပြီး လွတ်မြောက်နေကြသူတွေလည်း ရှိကြလေရဲ့။