Friday, January 13, 2012

အမေ့ခံတွေရဲ့ ဘဝ
တံတားလေးတစ်စင်းစာ ၀ပ်စင်းရဖို့
သံသရာကြိုးတွေနဲ့ ငြိလိုငြိ
မော်မကြည့်ဖြစ်တော့တဲ့ ကြယ်တွေအကြောင်း
တရားတောင်းသူ မရှိလည်း ဟောနေမယ်..။


ရာသီအလိုက် စကားတွေ အကြား
တစ်ချို့က ရာသီဥတုပျောက်
တစ်ချို့က လျှောက်ပြန်သံပေး လမ်းမပေါ် ရောက်လို့…
ကြယ်တွေခမျာ သန်းခေါင်ပျောက်ရင်း မိုးလင်းရ
အရင်ကလို  မစားရသထာ အာရုံများ…။


ဘ၀တွေက အရင်လိုပဲ..
အရင်အတိုင်းပါပဲ..ကွယ်
ခန္ဓာငါးပါးချင်း အတူတူ
ကျပျောက်သွားတဲ့ အရိပ်ကလေးကို ပြန်ကောက်ပါ
အရင်ဘ၀က မှောင်ပြပြ  ကြယ်တွေအကြောင်းရယ်လေ..။

(မောနေယျ)
၁၃.၁.၂၀၁၂

2 comments:

Crystal said...

မှောင်ပြပြ ညအခါ
လသာသာ မသာသာ
သဘာဝဟာ သာမညမဟုတ်တာကြောင့်
ကြယ်ကလေးကတော့ လင်းနေမယ်း)

THS said...

ကျပျောက်သွားတဲ့ အရိပ်ကလေးကို ပြန်ကောက်ပါ
အရင်ဘ၀က မှောင်ပြပြ ကြယ်တွေအကြောင်းရယ်လေ ..
နှစ်သက်မိတယ် ဘုရားး-)