Thursday, December 8, 2011


ကိုယ်တိုင်ရေးဝတ္ထုမှာ
ဗားရှင်းအဟောင်းနဲ့ လောဘတို့ ရှုပ်ပွ
တစ်ချို့တစ်ဝက်က ရေးလက်စ ဥပါဒါန်တွေနဲ့ရယ်..
မြန်နှုန်းမြှင့် အဖြစ်အပျက်တို့ ရှိသေးရင် ပေးပါ
တစ်ခုခုပဲ ဖြစ်ဖြစ်ပေါ့..။


သာမာန်နေထိုင်ခြင်းမှာ
ဝါကျတွေ သိပ်သည်းဖို့ လို/ မလို
အငြင်းပွားဖို့ မလိုပါဘူး…
ဟော့ဒီမှာ…
မဂ္ဂင် ဘုတ်အုတ်များ အစီအရီ..။


ဧ၀ံ မေ သုတံ နဲ့ စခဲ့တဲ့ ဘ၀မို့
နဲနဲတော့ အမြင်မကျဉ်းဖို့ လိုတယ်
သတင်းခေတ်ကြီးထဲမှာ 
လူဖြစ်ရတာ မတန်လိုက်တာ..။


ဒီဘ၀ပြီးရင် ဘာလုပ်မှာလဲ
တစ်ယောက်ထဲ ပြောကြည့်ဖူးတယ်…။
နားလည်လည် မလည်လည်
သင်ဖတ်နေသော ကဗျာကို
“မောနေယျ ” လို့ ပညတ်တင်လိုက်ရအောင်…။


ဟိုမှာ ..
နှင်းတွေ မြင်းကိုယ်စီနဲ့ လာနေပြီ
ကိလေသာ ဖုန်လုံးတွေ ၀င်မလာခင်
ငါ့ရှင်…
ကျေးဇူးပြု၍ တံခါးပိတ်လိုက်ပါ..။

(မောနေယျ)

3 comments:

သဒ္ဓါလှိုင်း said...

ဘုန်းဘုန်းဘုရား
ကိလေသာ တွေဝင်မလာခင် တံခါးပိတ်နိုင်အောင် ကြိုးစားပါ့မယ်။ သေချာဖတ်ပါတယ်ဘုရား။
ရိုသေလေးစားလျက်
သဒ္ဓါ

THS said...

ရှိသည်၊ ဖြစ်သည်၊ ပျက်သည်... ခေါင်းစဉ်မှစ တစ်ပုဒ်လုံးကို .. နှစ်သက်မိတယ် ဘုရား ..။

Anonymous said...

မိုက်သည် ...။