Tuesday, November 29, 2011

ပူစပ်ပူလောင် ကိလေသာက
နံနက်ခင်းကို ထဖို့နှိုးတော့
ရွက်ကြွေသံတစ်ချို့
ဆောင်းရောက်ကြောင်း တေးဆိုတယ်..။
(ကိုအ၀ှာပြောသလို ပြောရရင်)
လွမ်းခန်းကို ရောက်တိုင်း
လူသားတွေ မျက်ရည်ဝဲတာ မဆန်း..။



ဗုဒ္ဓအဆူဆူအကြား
အမြိုက်ပါး မ၀သေးတဲ့
ခြောက်ခြားညရေ...
မာယာပြွမ်းတဲ့ တောတစ်လျှောက်
ပြေးရင်းလွှားရင်း  မော
အတောမသတ်နိုင်တဲ့ ဇာတ်လမ်းမို့
ဒီတစ်ခါပွင့်မယ့် မေတ္တေယျပန်း
မမှီမကမ်းအဆင့်ကဖြစ်ဖြစ်
တုံးခုလို့ ဆွတ်ပါရစေနော်..။

(မောနေယျ)
၂၉.၁၁.၂၀၁၁

1 comments:

Lin said...

ဦးကိတ္တိသာရ မဖြစ်ခင်ကပြောခဲ့တာပါ ... :)