Friday, November 11, 2011

 (က)
 အစာသွပ် တရားနဲ့
အစာသွပ် ပါးပြင်အကြား
ဗိုက်ကားပြနေတဲ့လောက
မောလို့မ၀သေးတာ ခက်တယ်..။

(ခ)
ဟိုကလည်း ၀ိမုတ္တိ
ဒီကလည်း ၀ိမုတ္တိ
ပြောပြောပြီး ရယ်ရတဲ့
အဲဒီအသိလည်း အစာသွပ်ပဲ..။

(ဂ)
တွေ့တယ်မလား

အစာသွပ်ခေတ်ကြီးထဲမှာ
ရေခဲမရိုက်ပဲ တာရှည်ခံတာ
မသူတော်တစ်ပါးပဲ ရှိတယ်..။

(မောနေယျ)
၁၁.၁၁.၁၁ အမှတ်တရ

2 comments:

အင်္ဂါမောင် said...

ရေခဲမရိုက်ပဲ တာရှည်ခံတာ
မသူတော်တစ်ပါးပဲ ရှိတယ်..။


အတော် ထိတယ်။ မိတယ်။

Lin said...


တပည့်တော်လား ? :)