Friday, September 16, 2011

ဝိမုတ္တိဆိုတာ
ကြယ်တွေ မကြွေရာ လွင်ပြင်ပေါ့
ငရဲဘုံခန်းမှာ
လ မသာတာလည်း သိပါရဲ့..။

လမ်းဘေး ပလက်ဖောင်းပေါ်
လျှော့ဈေးနဲ့ ရောင်းနေတဲ့
သမုဒယ အက်ီၤမ်ား
ပါးသထက် ပါးလာတဲ့အခါ
မုတ်ဆိတ် မရှိတဲ့ အမေ့ကို
သတိရမိတယ်..။

ချောင်အနီးမှာ ကိုက်မယ့် တစ္ဆေ
(အမေရယ်)
ဆင်ခြေပေးတယ် မထင်ပါနဲ့လား..
"တရား ရှာတဲ့အခါ
အဖော်ပါတာ ကောင်းသလား"..လို့..။

(မောနေယျ)
၁၆.၉.၂၀၁၁

2 comments:

Crystal said...

"တရား ရှာတဲ့အခါ
အဖော်ပါတာ ကောင်းသလား"..လို့.....

ပါရမီဖြည့်အုံးမယ်ဆို အဖော်ပါတာ ကောင်းတာပေါ့။

တရားသက်သက် ရှာမယ်ဆိုရင်တော့ တစ်ကိုယ်တည်းပဲ ကောင်းပါတယ်။

ဒကာမကြီး ခရစ္စတလ် အမေနေရာ ခဏဝင်ရေးကြည့်မိတယ် :)

Lin said...

ကောင်းဘူး ဘုရာ့ ... :)