Wednesday, August 31, 2011

သတင်းမကြားရတဲ့ ရက်တွေမှာ
ဘ၀ဟာ ...
အ၀ိဇ္ဖာက ပြန်ပြန်စတယ်။

သူငယ်ချင်းက ရိပ်သာဝင်တယ်
သူငယ်ချင်းမက ဘားဆိုင်ဝင်တယ်
ကိုယ်က တစ္ဆေကြောက်တုန်း..။

ကိုယ့်အကြောင်းကို သိလို့
(ဓမ္မလိုလို ဓားမလိုလို)
ကဗျာတွေ ရေးရင်း ဖြေနေတာ..။

အမေက သူ့သားအတွက်ဆို
တရားနဲ့တောင် ဖက်ရန်ဖြစ်သတဲ့..
ချစ်တာ..ချစ်တာ..။

တစ္ဆေက ကြာသပတေးတိုင်း ရွေးရွေးခြောက်
ဒီတစ်ပတ်လည်း
အိမ်ပြန် နောက်ကျအုံးမယ် အမေ..။

(မောနေယျ)

2 comments:

Ashin jatila said...

ကိုယ်က အဲဒီကဗျာလေး (ဓမ္မလိုလို ဓားမလိုလို) ကြိုက်လို့ဟေ့ ဂျီတော့မှာ တင်ထားတာ..။ မိန်းကလေးတစ်ယောက်က အရှင်ဘုရားတဲ့ အရှင်ဘုရားတို့ ကျောင်းက ကြာသာပတေးနေ့တိုင်း သရဲခြောက်တယ် ဟုတ်လား.. အောင်မလေး ဘုန်းကြီးတွေကိုတောင် သရဲက ခြောက်တယ်နော် ကြောက်တယ် . တဲ့
( ကဲ ညီတော်ရေ ကိုယ့်ကိုတော့ ရွေးပီး မခြောက်တော့နဲ့ )

Lin said...

ဒါမှ ... :)