Friday, August 26, 2011

ပုံပြင်ထဲမှာ
ဘကြီးအောင် ညာတယ်၊

ကဗျာထဲမှာ
အိပ်မက်တွေ ညာတယ်၊

ဘ၀ထဲမှာ
သက္ကာယတွေ ညာတယ်၊

ညာတာချင်း အတူတူ
အရူးတွေ တစ်မူးသာတဲ့ခေတ်
လူစင်စစ်တို့ မျောက်ဖြစ်ရပြန်ပြီ။

(မောနေယျ)

3 comments:

သူကြီးမင်း (တုံးဖလား) said...

ခေတ်ကြီးကကို အဲဒီလိုကြီး ဖြစ်နေပြီကိုး ဘုရား။ ဘာဘဲ ဖြစ်ဖြစ်ပေါ့ဘုရား။ မုဒိတာလေး ၀ိုင်းပွါးပေးကြတာပေါ့။

လေးစားလျှက်

သဒ္ဓါလှိုင်း said...

အရှင်ဘုရား.
ထပ်ခါထပ်ခါ အညာမခံချင်ပါဘုရား။ လက်တွေ့ဘဝလေးထဲမှာကို အညာခံနေရလို့ပါ။
“ညာ” ဆိုတဲ့ ကဗျာလေးကို အရမ်းနှစ်သက်မိပါတယ်။ ညာရင်းညာရင်းနဲ့ ညာမှန်းမသိတော့တဲ့ တချို့သူတွေကြောင့် စိတ်ထိခိုက်သူတွေ ဘယ်လောက်များ များနေကြပြီလဲလို့။
ရိုသေလေးစားလျက်
သဒ္ဓါ

Lin said...

ယုံတဲ့သူတွေ အပြစ်ပါ ဘုရား ... :)