Sunday, September 5, 2010

ပြီးတော့ မင်းက ငါ့ဘ၀ကို အားကျသတဲ့လေ…’’ ရာနှုန်းပြည့် မဟုတ်ပေမယ့် ရာနှုန်းနီးပါး (perfect) ဖြစ်နေသူတဲ့’’ ( လူ့သဘာဝကိုက ဒီလိုပါပဲလေ..
ကိုယ့်မှာ မရှိသေးတဲ့ အရာတွေကို မျှော်လင့်ရှာဖွေရင်း လူတွေဖန်တီးထားတဲ့ ပေတံတွေ၊ စံညွှန်းတွေ အောက်မှာ မောပန်းနေကြရတာကလား )…။


တကယ်တော့ ‘ အောင်မြင်ပြည့်စုံတဲ့ ဘ၀’ဆိုတာ ဘယ်လိုဟာ မျိုးလဲဆိုတဲ့ ပုစ္ဆာအပေါ် မင်းတို့ ငါတို့ အနေနဲ့ သုံးသပ်ဖို့ စောလွန်းပါသေးတယ်..။
မင်းအားကျသလို ဆရာတွေလည်း ကြိုက်တဲ့ ပေါ်ပင်လိုက် အောင်မြင်မှုတွေနောက် တကောက်ကောက် လိုက်နေရတဲ့ ဘ၀ ငါတော့ ငြီးငွေ့ခဲ့ပီ သူငယ်ချင်း..။


ဒီတော့ သူငယ်ချင်းရေ…
ရိုးအီနေတဲ့ ၀န်းကျင်ဟောင်းထဲမှာ မြုပ်နှံထားတဲ့ ငါ့ဘ၀ကို ပြန်လည်ရွေးထုတ်ဖို့ အရှုံးတွေ ရှိမယ်ဆိုလည်း ရှိပါစေတော့။ ကိုယ်တိုင် ရေးဆွဲတပ်ဆင်ထားတဲ့ ဥပဒေတွေနဲ့ ဘ၀ကို စိတ်ကြိုက်ရွက်လွှင့်တော့မယ်..။

ဘယ်အရာမဆိုပေါ့လေ…မှားသည်ဖြစ်စေ.. မှန်သည်ဖြစ်စေ ကိုယ့်ရွေးချယ်မှုရဲ့ တစ်စုံတစ်ရာကို တာဝန်ယူတတ်မယ်ဆိုရင် နောင်တဆိုတာ မရှိနိုင်ပါဘူးလေ..။
နောင်တစ်ချိန်မှာ ပုခုံးပြောင်းကျလာမယ့် တာဝန်တွေအတွက် ဘုရားသား ပီသဖို့ မင်းလည်း မင်းခံယူချက်နဲ့မင်း ငါလည်း ငါ့ခံယူချက်နဲ့ငါ ကိုယ်စီပြင်ဆင်
နေကြပေမယ့် လုပ်ရပ်တွေတော့ မတူညီဘူးနော်…။

ငယ်စဉ်ကလေး ဘ၀က ဒူးပွန်းအောင် တူတူစာအံခဲ့ရတာလေးတွေတော့ လွမ်းစရာပုံပြင်လေးတွေပေါ့...နော့..။
ဘာပဲဖြစ်ဖြစ်လေ…မင်းသူငယ်ချင်းတစ်ယောက်တော့ ဘာသာရပ်အသစ်တွေနဲ့ ၀န်းကျင်သစ်မှာ စနစ်တကျ လေ့ကျင့်နေတဲ့ တက္ကသိုလ်ကျောင်းသားကြီး
အဖြစ်နဲ့ ခုတော့ အသားကျလို့ နေပါပီ..။

ဘာသာရပ်အသစ်ဆိုလို့ ကြားဖူးနားဝ ခေတ်သစ်ပညာရေးတွေအကြောင်း တစေ့တစောင်း လေ့လာဖူးတဲ့ မင်းကတော့ တစ်စုံတစ်ရာအပေါ် စိုးရိမ်စိတ်နဲ့
တွေဝေနေမလားပဲ..။တွေဝေ မနေနဲ့ သူငယ်ချင်းရေ..။တကယ်တော့ မင်းတို့ ငါတို့ လက်ရှိဖြတ်လျှောက်နေရတဲ့ နှစ်ဆယ့် တစ်ရာစု လမ်းကြောင်းပေါ်မှာ (အများအပြောတော့
ပညာခေတ်ပေါ့ကွာ) " ပညာရေး” ဆိုတာကို အမြင်ကျဉ်းကျဉ်းနဲ့ ဘောင်ခတ်ပစ်လို့ မရတော့ဘူးလေ..။ ဆိုရရင်ကွာ…၀တ္ထုစာအုပ် တစ်အုပ် ဖတ်တာ
ကိုလည်း “ပညာရေး’’ ပါလို့ ပြောလိုက်ရင် ငါ့အယူအဆကို မင်းလက်ခံပါ့မလား..။


တေန ခေါ ပန သမယေန တွေနဲ့ ကြီးပျင်းလာတဲ့မင်းတို့ငါတို့အတွက် ပညာရေးဆိုတာ စာလုံးကြီးကြီးနဲ့ ဆိုင်းဘုတ်တွေလောက်သာ အားကျခဲ့ရကောင်းမှန်း သိခဲ့တာကလား..။ ဒီလို တရားသေသဘောတွေသာ ဒီနေ့ထိ ဆုပ်ကိုင်ထားကြရင်
တို့နိုင်ငံအတွက် ပြတိုက်တော့ ကြိုဆောက်ထားဖို့ လိုပီနော်…။

ဘာလို့လဲဆိုရင် ကျယ်လောင်ကျယ်လောင် ကြားနေရတဲ့ ဂလိုဘယ်ယဉ်ကျေးမှုမှာ အရာရာဟာ ကျဉ်းမြောင်းလာတာနဲ့ အမျှ ခိုဝင်စရာဘာသာတရားတွေလည်း ပူးကပ်ကျဉ်းမြှောင်းလာတာ မင်းလည်း အသိ..။
ဒီလို အနေအထားကြီးမှာ “ ယဿာနုဘာဝတော “ လောက်နဲ့သက်လုံကောင်းမယ်လို့ ငါတော့ မထင်ဘူး…သူငယ်ချင်း.....။

ဒီတော့ မင်းတို့ ငါတို့ ရွေးချယ်ရတော့မယ် သူငယ်ချင်း…။
နောက်ဆုတ်စရာ မရှိတော့မှ ရှေ့တိုးမှာလား.... ဒါမှမဟုတ်ရှေ့တိုးရင်း နောက်ပြန်လှည့်ကြည့်မလားဆိုတာပါ…။
ခွပ်စုတ်တစ်ချပ်နဲ့ ဆုတောင်းစကား ဆိုတတ်ရုံနဲ့တင် ဖုန်းတောင်းယာစကာ အတွက် ထမင်း မငတ်နိုင်တာတော့ မင်းလည်းအသိပါ..။

နောက်ဆုံးစကားလေးပေါ့ သူငယ်ချင်းရာ......
နောင်အနှစ်နှစ်ဆယ်ကြာတဲ့အခါ လရောင်အောက်မှာ တွေ့ဖို့ဆန္ဒရှိသူများ အတွက်တော့ အိပ်မက်ဟောင်းတွေက နိုးထဖို့ဆိုတာ……….။ ။

1 comments:

Lin said...

ကျယ်လောင်ကျယ်လောင် ကြားနေရတဲ့ ဂလိုဘယ်ယဉ်ကျေးမှုမှာ အရာရာဟာ ကျဉ်းမြောင်းလာတာနဲ့ အမျှ ...